ELECTRICAL & ELECTRONIC PRODUCTS

ရေမော်တာအလိုအလျောက်ထိန်းချုပ်မောင်းနှင်စက်၏ အချက်ပြစနစ်

Sound System
Beef (၃)ကြိမ် = တီ-တီ-တီ (မော်တာမောင်းနှင်လျှင် အချက်ပေးသည့်အသံ။)
Beef (၇)ကြိမ် = တီ-တီ-တီ-တီ-တီ-တီ-တီ (မီးအား (၁၆၀) ဗို့အောက်နှင့် (၂၄၀)ဗို့ အထက်ရောက်ရှိသော အချိန်တွင် မြည်သည့်အသံ။)
Intruder Alarm = အသံရှည်ဆွဲ၍ မြည်ခြင်း (ရေပိုက်ခေါင်းထိပ်မှ ကန်ထဲသို့ ရေကျဆင်းခြင်း မရှိလျှင်သော်လည်းကောင်း Ground Tank အတွင်း ရေမရှိလျှင်သော် လည်းကောင်း မြည်သည့်အသံ။
Sound = သံစဉ်အသံ (ရေပြည့်သောအခါ မြည်သည့်အသံ။)
Indicator System
Motor မီးသီး = ရေမော်တာမောင်းနှင်သောအခါတွင် အချက်ပြသည့်မီးသီး။ ရေပိုက်ခေါင်းအထွက်မှ ရေကျဆင်းခြင်းမရှိလျှင် မီးသီးသည် မှိတ်တုတ်၊ မှိတ်တုတ်ဖြင့် အချက်ပြမည်။
Lower Tank မီးသီး = အောက်ရေကန်ထဲတွင် ရေရှိကြောင်း ဖေါ်ပြမည့်မီးသီး။
Upper Tank မီးသီး = အပေါ်ရေကန်ထဲတွင် ရေပြည့်/ရေရှိကြောင်း ဖေါ်ပြမည့်မီးသီး။
Over (or) Under မီးသီး = မီးအား (၂၄၀) ဗို့အထက်နှင့် (၁၆၀) ဗို့ အောက်သို့ရောက်ရှိနေ ချိန်တွင် အချက်ပြမည့် မီးသီး။
Lower Tank မီးသီး တစ်လုံးတည်းလင်းနေလျှင် မော်တာမောင်းနေစဉ် မီးအားအတက်အကျ ဖြစ်ခြင်းကြောင့်သော်လည်းကောင်း၊ အပေါ်ကန်အတွင်းသို့ ရေကျဆင်းခြင်း မရှိလျှင်သော်လည်းကောင်း၊ အောက်ကန်အတွင်း ရေမရှိလျှင်သော်လည်းကောင်း ထိုအချိန်တွင် ယင်းမီးသီးတစ်လုံးတည်းလင်းနေမည်။
သတိပြုရန်
၁။ Power S/W မီးမလင်းသောအခါ Fuse ကို စစ်ဆေးကြည့်ပါ။ Fuse ပြတ်သွားလျှင် မော်တာ၏ Power ကိုလိုက်၍ Fuse Data မှ Fuse Ampere အတိုင်း လဲလှယ်၍ ထည့်ပေးပါ။ ထိုသို့ (၃)ကြိမ်ဆက်တိုက Fuse ပျက်နေပါက မော်တာအား ကျွမ်းကျင်သူဖြင့် စစ်ဆေးကြည့်ပါ။
၂။ Controller ၏ အပြင်ဘက်ရှိ Sensor ကြိုးများ ပြတ်တောက်နေလျှင်လည်း ရေမော်တာအား ထိန်းချုပ်မောင်းနှင် နိုင်မည်မဟုတ်ချေ။
၃။ မော်တာအား Manual (Only)မောင်းနှင်လိုသောအခါ Controller Box ၏ Terminal Block တွင် Motor(L) ကြိုး (နံပါတ်-၄)ကိုဖြုတ်၍ A.C(L) ကြိုး (နံပါတ်-၂)ဘက်တွင်ပူး၍ Nut ကြပ်ပြီး Controller Box ၏ Power S/W ကို ပိတ်၍ မောင်းနှင်စေလိုပါသည်။
Manual စနစ်ဖြင့် မောင်းနှင်နေစဉ်သတိပြုရန်
(Ground Tank တွင် ရေမရှိလျှင်ဖြစ်စေ၊ Over head Tank ထဲသို့ ရေကျဆင်းခြင်း မရှိလျှင် ဖြစ်စေ၊ အပေါ်ကန်ထဲတွင် ရေပြည့်၍ရေလျှံကျလျှင်ဖြစ်စေ၊ မီးအားအတက်/ အကျဖြစ်ခြင်းကြောင့်ဖြစ်စေ) မည်သည့်အကြောင်းကြောင့်မျှ မော်တာအား ရပ်တန့်ပေးမည်မဟုတ်ချေ။ Manual မောင်းနှင်ကြောင်းကို 8 secs လျင် တစ်ကြိမ်ကျBeep သံတစ်ချက်စီပေး၍ အချက်ပေးနေမည်။

Compressor Installation