ELECTRICAL & ELECTRONIC PRODUCTS

Automatic Transfer System(ATS) & Engine Safety With Auto Start Stop Control System

ဤစနစ်သည် လူကြီးမင်းတို့၏နေအိမ်၊ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများတွင်အသုံးပြုလျှက်ရှိသော Generator မီးစက်ကြီးများ၏ မီးလိုင်းနှင့်MEPE လျှပ်စစ်ဓာတ်အားလိုင်းတို့ကို မိမိတို့၏အဆောက်အအုံအတွင်းသို့ အလိုအလျောက်ချိတ်ဆက်ပေးမည့်စနစ်ဖြစ်ပါသည်။

    ဤစနစ်တွင်-
  • - မီးလာနေစဉ် မိမိအဆောက်အအုံအတွင်းရှိ MEPE မှပေးသော လျှပ်စစ်ဓာတ်အားသည် 150V နှင့် 240V အတွင်းမရှိလျှင် စက္ကန့် (၂၀) အတွင်း မီးစက်ကိုအလိုအလျောက်စတင်မောင်းနှင်ပေးပြီး MEPE မီးလိုင်းဖြတ်တောက်၍ မီးစက်မှ မီးလိုင်းဖြင့် ချိတ်ဆက်ပေးပါမည်။
  • - အကယ်၍ မီးပျက်သွားလျှင် စက္ကန့်(၂၀)အတွင်း မီးစက်ကိုစတင်နှိုးပြီး MEPE မီးလိုင်းကို ဖြတ်တောက်၍ မီးစက်မှ မီးလိုင်းဖြင့်ချိတ်ဆက်ပေးပါမည်။
  • - မီးပြန်လာသည့်အခါ ဗို့အား 150V နှင့် 240V အကြားရှိမှသာ စက္ကန့် (၅) အတွင်း မီးစက်မှ မီးလိုင်းကို ဖြတ်တောက်ပြီး MEPE မှ မီးလိုင်းကိုအဆောက်အအုံအတွင်းသို့ချိတ်ဆက်ပေးပြီး (၃)မိနစ်အကြာတွင်မှ မီးစက်အားရပ်တန့်ပေးပါသည်။
  • - Generator စတင်မလည်ပတ်မီ Engine အတွင်းရှိ ဆီ၊ ရေ၊ လေ၊ ၀ိုင်ကို စစ်ဆေးပြီး ပုံမှန်အတိုင်းရှိမှသာ မီးစက်လည်ပတ်ခွင့်ပြုခြင်း။
  • - Generator လည်ပတ်နေချိတ်တွင်လည်းဆီ၊ ရေ၊ လေ၊ ၀ိုင်တို့ဆက်လက်စစ်ဆေးနေပြီး ပုံမှန်မရှိပါက (၅)စက္ကန့်အတွင်း မီးစက်အားရပ်တန့်စေခြင်း။
  • - Generator စတင်ဖွင့်သည့်အချိန်နှင့် ပိတ်သည့်အချိန်တို့တွင် International Standard နှင့်အညီ Step by Step ပုံစံကို အသုံးပြုပေးထားခြင်း။
  • - Generator အားအရေးပေါ် ရပ်တန့်စေရန်အတွက် Emergency Stop Button ပါရှိခြင်းတို့ကြောင လူကြီးမင်းတို့၏ Generator ကိုသက်တမ်းရှည်ကြာစေသည့်အပြင် လူအင်အားနှင့်အချိန်တို့ကိုပါ သက်သာစေရန် ရည်ရွယ်၍ တီထွင်ထုတ်လုပ်ထားပါသဖြင့် စိတ်ချယုံကြည်စွာ အသုံးပြုနိုင်ပါသည်။

Industrial Electronic Control

ဤစနစ်သည် လူကြီးမင်းတို့၏၊ စက်ရုံ၊ အလုပ်ရုံများတွင် ပုံမှန်လုပ်ဆောက်ရသော လုပ်ငန်းစဉ်များကို လူအင်အားအစား Electronic Control ဖြင့်ထိန်းချုပ်၍အချိန်မှန်မှန် အလုပ်လုပ်ဆောင်ပေးနိုင်သောစနစ်ဖြစ်ပါသည်။

Our Service

Our System

  • AUTOMATIC WATER PUMP CONTROLLER
  • AUTOMATIC TRANSFER SYSTEM
  • ENGINE CONTROL SYSTEM
  • INDUSTRIAL ELECTRONIC CONTROL
  • THREE PHASE SAFEGURAD
  • CUSTOMIZED ORDER & OTHERS

Contact Address

Contact Us