ELECTRICAL & ELECTRONIC PRODUCTS

Three Phase Automatic Water Pump Controller သုံးစွဲမှုလမ်းညွှန်

Manual ( အပြာရောင်မီးသီး ) = Selector Switch ကို Manual တွင်ထားရှိမှသာ မီးလင်းပါမည်။
Out of Phase,Over / Under Volt (အနီရောင်မီးသီး) = လျှပ်စစ်မီးလိုင်း (၃) လိုင်း အနက်မှ တစ်လိုင်း ပြတ်တောက်နေခြင်း (သို့) မီးလိုင်းတစ်လိုင်းနှင့် တစ်လိုင်းသည် 420 Volt အထက်ရောက်ရှိနေခြင်း (သို့) 340 Volt အောက်ရောက်ရှိနေခြင်း (သို့) လျှပ်စစ်မီးလိုင်း (၃)လိုင်းမှ အစဉ်လိုက် မဖြစ်ခြင်းကြောင့်လည်းကောင်း မီးလင်းပါမည်။ထိုအခါ Panel Box အတွင်းရှိ Phase ဗူးတွင် LED မီးသီး (၃)လုံးမှ တစ်လုံး လင်းနေပါမည်။Over Voltage နှင့် Under Voltage မီးလင်းနေခြင်းမှာ သာမန်မျှသာ ဖြစ်ပြီး Phase Failure မီးသီးလင်းနေပါက လျှပ်စစ်မီးလိုင်း (၃) လိုင်းအနက်မှ တစ်လိုင်း ပြတ်တောက်နေခြင်း ဖြစ်နိုင်ပါသည်။ မီးလိုင်း မပြတ်ပါက မီးလိုင်း (၃)လိုင်း အစဉ်လိုက် မရှိခြင်းကြောင့် ဖြစ်ပါသည်။ ထိုအခါ မီးလိုင်း (၂) လိုင်းကို ပြောင်းပြန်လှည့်ပေးခြင်းဖြင့် ဖြေရှင်းနိုင်ပါသည်။
Over load (အဝါရောင်မီးသီး) = မော်တာဘောကွဲနေခြင်းကြောင့်လည်းကောင်း၊မနိုင်ဝန်ထမ်းရ၍သော်လည်းကောင်း မီးလင်းပါမည်။ထိုအခါ Panel Box အတွင်းရှိ Overload မှ Reset button (---------------) ကို နှိပ်ပေးရပါမည်။ ထို့နောက် မော်တာကို မောင်းနှင်စေ၍ Motor အသံ မမှန်ပါက ကျွမ်းကျင်သူနှင့် ပြသ၍ စစ်ဆေးသင့်ပါသည်။
Motor (အစိမ်းရောင်မီးသီး) = Selector Switch ကို Auto (သို့) Manual တွင် ထား၍ Motor မောင်းနှင်နေစဉ်မီးလင်းပါမည်။
Motor ကို Semi-Auto စနစ်ဖြင့် မောင်းနှင်ခြင်း။
ရေကန်ထဲရှိ ရေမောင်းနှင်သော Level အောက် မရောက်သေးခင် (အပြာရောင် LED မီးသီးလင်း နေစဉ်) ရေမော်တာအား မောင်းနှင်လိုလျှင်
၁။ Selector Switch ကို Auto တွင်ထားပါ။
၂။ Start button (အစိမ်းရောင်) ကို ၃-စက္ကန့်မျှ နှိပ်ထားပြီး ပြန်လွှတ်လိုက်ပါ။ထိုအခါ Motor ကိုမောင်းနှင်ပေးပြီး ရေပြည့်သည့် အချိန်တွင် Motor ကို အလိုအလျောက် ရပ်တန့် ပေးပါမည်။
Motor ကို Manual စနစ်ဖြင့် မောင်းနှင်ခြင်း။
၁။ Selector Switch ကို Manual တွင်ထားပါ။
၂။ Start button (အစိမ်းရောင်) ကို နှိပ််၍ Motor ကိုမောင်းပါ။
၃။ Stop button (အနီရောင်) ကို နှိပ််၍ Motor ကိုပိတ်ပါ။