ELECTRICAL & ELECTRONIC PRODUCTS

ကျွန်တော်တို့ Engineer အဖွဲ့မှ 2002 ခုနှစ်တွင် Auto စက်များကို တီထွင်ပြီး စမ်းသပ်အသုံးပြုခဲ့ပါသည်။ 2005 ခုနှစ် အောက်တိုဘာလမှစတင်၍ ‘Union’ အမှတ်တံဆိပ်ဖြင့် စျေးကွက်သို့ စတင်ဖြန့်ချီရောင်းချခဲ့ပါသည်။ ထို့နောက် 2007 ခုနှစ်တွင် ‘Auto’ အမှတ်တံဆိပ်သို့ ပြောင်းလဲမှတ်ပုံတင်၍ ဖြန့်ဖြူးရောင်းချခဲ့ပါသည်။ ထိုသို့ ထုတ်လုပ်ရောင်းချရာတွင် ဝယ်ယူအားပေးသူ Customer များထံသို့ လိုက်လံတပ်ဆင်ပေးပြီး ပစ္စည်းဖိုး, လက်ခအခမဲ့ အာမခံတစ်နှစ်ပေးပြီးလည်း ဝန်ဆောင်မှု့ပေးပါသည်ထုတ်လုပ်ရောင်းချလျက်ရှိသော စက်ပစ္စည်းများ၏ အရည်အသွေးကိုအချိန်နှင့် တပြေးညီ မြင့် သထက်မြင့် အောင်ကြိုးစားနေပြီး ဝန်ဆောင်မှု့ (Service)များအားလည်း အကောင်းဆုံး ဆောင်ရွက်ပေးလျက် ရှိပါသည်။ Customer များ၏ စိတ်ကြိုက်လိုအပ်ချက်များကိုလည်း တစ်ထပ်တည်းဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိပါသည်။

ကျွန်တော်တို့ Engineer အဖွဲ့မှ ထုတ်လုပ်ဖြန့်ချီရောင်းချလျက်ရှိသော ကုန်ပစ္စည်းများမှာ -

1. ရေမော်တာ အလိုအလျောက် ထိန်းချုပ်မောင်းနှင်စက် (Single / Three phase)

2. ကွန်ပရက်ဆာအလိုအလျောက် ထိန်းချုပ်မောင်းနှင်စက် (Single / Three phase)

3. MEPE မှ လျှပ်စစ်နှင့် Generator မှ လျှပ်စစ်ဓါတ်အားကို မိမိတို့၏အဆောက်အအုံအတွင်းသို့ အလို အလျောက် ချိတ်ဆက်ပေးသောစနစ် (ATS)

4. Generator မီးစက်အား အန္တရာယ်ကင်းစွာ မောင်းနှင်ခြင်း, ရပ်တန့်ခြင်း (ECS)

5. ပါဝါမီးတာသုံး Safeguard စနစ်

6. Customer များ၏ စိတ်ကြိုက်, ထိန်းချုပ် မောင်းနှင်ခြင်းစနစ် တို့ ဖြစ်ပါသည်။

Our Service

Our System

  • AUTOMATIC WATER PUMP CONTROLLER
  • AUTOMATIC TRANSFER SYSTEM
  • ENGINE CONTROL SYSTEM
  • INDUSTRIAL ELECTRONIC CONTROL
  • THREE PHASE SAFEGURAD
  • CUSTOMIZED ORDER & OTHERS

Contact Address

Contact Us